ဘုတ်ပြင်း ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖိတ်ခေါ်အမျိုးသား(၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြသည့် ဇမ္ဗူမေတ္တာအသင်းနှင့် ကမာချောင်း(က) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် ဌာနဆိုင်ရာများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီးတွင် ဇမ္ဗူမေတ္တာ အသင်းက (၂)ပွဲပြတ်ဖြစ် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက်ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုကို မြို့နယ် ငါးလုပ်ဦးစီးမှူးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးအားကစားသမားဆုကို မြို့နယ်လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အတိုးတက်ဆုံးအားကစားသမားကို မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးမှူးကလည်းကောင်း၊ တတိယဆုရရှိသည့် Partners Squad အသင်းအား တစ်ဦးချင်းငွေသားဆုနှင့် ဆုတံဆိပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှကြိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကမာချောင်း(က) အသင်းအား တစ်ဦးချင်း ငွေသားဆုနှင့် ဆုတံဆိပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးက လည်းကောင်း၊ အနိုင်ရဗိုလ်စွဲခဲ့သည် ဇမ္ဗူမေတ္တာအသင်းအား တတိယဆုရှိသည့် Partners Squad အသင်းအား တစ်ဦးချင်းငွေသားဆုနှင့် ဆုတံဆိပ်နှင့်တံခွန်စိုက် ဆုဖလားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)