စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးအန္တရာယ်လုံခြုံရေး ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးရာ၌ စက်သုံးဆီအရောင်းဆိုင်များတွင် ထားရှိသော အပေါ့စားရေစုပ်စက်၊ ရေပက်ပိုက်လိပ်၊ ရေပိုက်‌ခေါင်းများနှင့် တပ်ဆင်ထားသော မီးသတ်ပစ္စည်း ကိရိယာများအား ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)