ပျော်ဘွယ် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှင်းလင်းမန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအောင်နိုင်ညွန့်၊ ဦးဇော်ဝင်းနှင့် ဒေါ်သန်းသန်းအေးတို့က လွှတ်တော်တက်ရောက်ရာတွင် ကြုံတွေ့ခဲ့ရသည့်အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က လွှတ်တော်ကျင်းပနေစဉ်ကာလတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စည်းလုံးညီညွတ်စွာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)