တပ်ကုန်း ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းဝေးခန်းမတွင်ကျင်းပရာ ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဗိုလ်၊ ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား ၁၀ဝ ဦး၊ အရန်မီးသတ်ခေါင်းဆောင်နှင့်အဖွဲ့ဝင် ၁၅ ဦး တက် ရောက်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဗိုလ်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီးနောက် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စည်းကမ်းချက်များ၊ သင်ကြားမည့်ဘာသာရပ်များ အား ရှင်းလင်းပြောကြားခဲ့ပြီး၊ (NNN)မိသားစုမှ သင်တန်းအတွက် ငွေသုံးသိန်းကျပ်လှူဒါန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိက လက်ခံယူ၍လည်းကောင်း၊ ဥတ္တရခရိုင်တာဝန်ရှိသူများက သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။ တပ်ကုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ဦးဆောင်ကာ သင်တန်းသား ၁၀၀ ဦးအား သင်တန်းနည်းပြဆရာ ခြောက်ဦးဖြင့် ဇွန် ၂၂ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ မီးသတ်ဆေးဘူးကိုယ်တွယ်အသုံးပြုနည်း၊ မီး ငြိမ်းသတ်ရေးဆိုင်ရာများ၊ ကယ်ဆယ်ရေးဆိုင်ရာများ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ပျဉ်းမနား မြို့နယ်၊ လယ်ဝေးမြို့နယ်များတွင်လည်း အရန်မီးသတ်တပ်ဖွဲ့ဝင် အကြိုအခြေခံမီးသတ်ပညာ သင်တန်းကို သင်တန်းသား ၅၀ ဦးဖြင့် ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားကြကြောင်း သိရသည်။
တင်စိုးလွင်