မိုင်းစံ ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဆွေးနွေးပွဲတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်၊ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မိုင်းစံမြို့စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စာရေးသူ ဖေမြင့်၏ “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ကို အခန်းလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့နှစ်သက်ရာများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အိဇာချို(မိုင်းစံ၊ပြန်/ဆက်)