အမှတ် (၂၁) အခြေခံပညာ မူလတန်းလွန်ကျာင်း၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပုသိမ်ကြီး ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲက ရေထွက်ကျေးရွာရှိ အမှတ် (၂၁) အခြေခံပညာ မူလတန်းလွန်ကျာင်း၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကြသည်။

ဦးစွာ ကျောင်းအုပ်ကြီး ဒေါ်မြတ်အိညိုက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအကြောင်း၊ AI နည်းပညာအသုံးပြုမှု၊ ကျောင်းသားလူငယ်များ အခြားဗဟုသုတများစွာ ရရှိမည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမှတ် (၂၁) အခြေခံပညာ မူလတန်းလွန်ကျာင်းကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ Grade - (7) နှင့် (8) မှ ကျောင်းသား ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေရန်ကင်း