သာပေါင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁၁၉၀) ဦးတို့၏ ပင်စင်လစာငွေများထုတ်ပေး

သာပေါင်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာငွေများကို လစဉ် (၂၁) ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ သာပေါင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း မြို့ပြအငြိမ်းစား (၅၆၂) ဦး၊ ကာကွယ်ရေး အငြိမ်းစား (၄၅၂) ဦး၊ နိုင်ငံရေးအငြိမ်းစား (၁၂၅) ဦး၊ ရဲအငြိမ်းစား (၄၃) ဦး၊ ဘဏ်ဝန်ထမ်း အငြိမ်းစား (၈) ဦး ပေါင်း (၁၁၉၀) ဦးရှိရာ ပင်စင်လစာငွေများကို ယနေ့ဇွန်လ (၂၂) ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းမြို့ပြအငြိမ်းစား (၁၉၅)ဦး၊ ကာကွယ်ရေး အငြိမ်းစား (၁၁၉) ဦး၊ နိုင်ငံရေး အငြိမ်းစား (၃၆) ဦး၊ ရဲအငြိမ်းစား(၁၈)ဦး၊ ဘဏ် အငြိမ်းစား(၁)ဦး ပေါင်း(၃၆၉)ဦးတို့အား ထုတ်ပေးထားပြီး ကျန်ရှိနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို လကုန်ရက်ထိ ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဦးဝင်းမိုးကျော်သူ (တာဝန်ခံ) ထံမှ သိရသည်။

သိန်းမြင့်မျိုးဦး