လွိုင်လင် ဇွန် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့် စီမံကိန်းအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်တို့က အသီးသီးအမှာစကားပြောကြားကြသည်။ ယင်းနောက် စက်ချုပ်သင်တန်းသူများအတွက် လုပ်ငန်းသုံးပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ရာ သင်တန်းသူများကိုယ်စား နှစ်ဦးက လက်ခံရယူပြီးနောက် သင်တန်းဖွင့်ပွဲကို ရပ်နားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၄၅) ရက်ကြာမြင့်မည်ကြောင်း သိရသည်။
လွိုင်လင်မိုး