ဟဲဟိုးမြို့ အောင်သိဒ္ဓိအ‌ထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း(လီမိတက်) အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ ကျင်းပ

ကလော ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အောင်သိဒ္ဓိအ‌ထွေထွေစီးပွားရေးလုပ် ငန်းသမဝါယမအသင်း(လီမိတက်) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက သမဝါယမအသင်း၏ တည်းခိုရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ သဘာပတိ ဦးအေးမောင်က အဖွင့်အမှာစကား‌ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညီညီအောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က သမဝါယမလုပ်ငန်းနှင့် ပတ်သက်၍ အမှာစကား‌ပြောကြားခဲ့သည်။ ထို့‌နောက် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက အမှုဆောင်အဖွဲ့မှလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာပတိက အသင်း၏ ၂၀၂၅-၂၀၂၅၆ဘဏ္ဍာရေးနှစ် အတွက်အသင်းအမှုဆောင်အဖွဲ့အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်း၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းအမှု‌ဆောင်၏ တင်ပြမှုအမှာစာများကို အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)