ကျေးသီးမြို့ Community Centre ခန်းမ၌ Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျေးသီး  ဇွန်  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ပေါ်လာစေရေး၊လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးစသည့် အကြောင်းအရာများ အပြင် စာဖတ်ဝါသနာပါသူများ စုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)များ ဖွဲ့စည်းပြီး စာဖတ်ဝိုင်းပြုလုပ်ရခြင်း အကြောင်း ပြောကြားကာ Book Club  ဝင်များက  စာရေးဆရာနန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း’ စာအုပ်တွင်ပါဝင်သည့်  အကြောင်းအရာများကို လေ့လာဖတ်ရှုကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါစာအုပ်သည် ဘဝသမားများ၊ လမ်းပျောက်နေသော လူငယ်၊  လူရွယ်များအတွက် အသိအမြင်၊  အလင်းရောင် ထွက်ပေါက်လမ်းစများ တွေ့မြင်စေပြီး ပြန်လည်ရှင်သန်ကြိုးစားရန် ခွန်အားပေးသော စာအုပ်ဖြစ်သောကြောင့် လေ့လာဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)