ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ဇမ္ဗူသီရိ ဇွန် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ Book Club စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက  စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ  စာပေချစ်မြတ်နိုးသူများက စာရေးဆရာမ ခင်စောတင့်ရေးသားသော" စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်တွင် ပါရှိသော ခေါင်းစဉ်များအနက်မှ လမ်းလျှောက်ထွက်ကြမယ်၊ မျှော်လင့်ချက်၊ အချိန်အခါကိုသိပါ၊ ရှင်သန်တိုးပွားချစ်ခြင်းတရား၊ စွန့်စားမှုဆီသို့ ခြေတစ်လှမ်း စသည့်  ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် များအား  စာပေချစ်သူ စာဖတ်ပရိသတ်များက လေ့လာကြည့်ရှုခဲ့‌ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)