မင်းတပ်ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁/၂၀၂၁ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းတပ်   ဇန်နဝါရီ   ၂၂

ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁/၂၀၂၁ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က မင်းတပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ Quarantine Center (၄)ခု၌ Facility Quarantine ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင် က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID – 19 Vaccine) များ ရောက်ရှိလာပါက သိုလှောင်သိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဦးစားပေး အလိုက် ကာကွယ်ဆေးထိုးနှံ ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုထားသည့် ဟိုတယ်များတွင် Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးထားသည့် အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား ညအိပ်တည်းခိုခွင့်ပြုနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ဆလိုင်းအောင်(ပြန်/ဆက်)