သာပေါင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်ကျင်းပ

သာပေါင်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၇ နာရီအချိန်က လှေကြီးတက် ကျေးရွာအုပ်စု၊ ဘုရားဦးပေါက် ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ဘုရားဦးပေါက်) တွင် ကျင်းပကြသည်။

သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ‌၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကော်မတီဝင်များက ပျိုးပင်များအားပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးသိန်းဝင်းဇော်နှင့်ဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်ကော်မတီဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များက သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်သစ်မျိုးများ၊ အကြီးမြန်သစ်မျိုးများဖြစ်သည့်  ပျဉ်းကတိုး ပျိုးပင် (၁၀၀)၊ မဟော်ဂနီ ပျိုးပင် (၁၀၀)၊ ခရေ ပျိုးပင်(၁၀၀)၊ မန်ဂျန်ရှား ပျိုးပင်(၁၀၀) ပေါင်း (၄၀၀)ပင်ကို သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သိန်းမြင့်မျိုးဦး