သာပေါင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီမှ ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့ စည်ပင်အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးထွန်းမင်းလတ်နှင့် ကျန်းမားရေးဌာနတို့ပူးပေါင်းအဖွဲ့က စားသောက်ဆိုင် သန့်ရှင်းရေး၊ အစားအသောက်များ လက်ဆက်ရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေး၊ ဈေးနှုန်းမှန်ကန်ရေး၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ လျှပ်စစ်မီးပြတ်တောက်ပါက အခြားနည်းဖြင့် မီးလင်းရေးပြောကြား ဆောင်ရွက်ခဲ့ကြသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း(ပြန်/ဆက်)