ရွှေသောင်ယံ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရွှေသောင်ယံမြို့ရှိ အ.ထ.က စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် စသည်ဖြင့် မူးယစ်ဆေးနှင့်ပတ်သက်၍ ဗဟုသုတရစရာများကို လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်ထည့်သွင်းဖေါ်ပြထားသည်။
လက်ကမ်းစာစောင်တွင် "အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့်ဆောင်းပါး၊ "မူးယစ်ဆေးဝါးဆိုသည်မှာ" ခေါင်းစဉ်ဖြင့် မူးယစ်ဆေး၏ဆိုးကျိုးများအကြောင်း၊ ၂၀၂၅ ခုနှစ် ကမီးရှိုးဖျက်ဆီးခဲ့သည့် မူးယစ်ဆေးများ၊ "မူးယစ်ဆေးဝါးအုပ်စု (၅)မျိုးအကြောင်း၊ ကာတွန်း၊ "ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့်ကဗျာ၊ "ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ"၊ တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် မှတ်တမ်းဓါတ်ပုံ စသည်ဖြင့်မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လူငယ်များသိသင့်သိထိုက်သည်များကို လက်ကမ်းစာစောင်တွင် ထည့်သွင်းဖေါ်ပြထားသည်။
ကိုကိုမောင်