ကျုံပျော်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း‌ မြေမြုပ်ပွဲကျင်းပ

ကျုံပျော် ဇွန် ၂၁

မြေဆီလွှာပျက်စီးမှုမှ ကာကွယ်ရန်နှင့် မြေဆီဩဇာ ထက်သန်ကောင်းမွန်စေရန်အတွက် လယ်ယာမြေအတွင်းသို့ ၂၀၂၆ ခုနှစ် ၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း‌မြေမြုပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းမကျေးရွာအုပ်စု တောင်သူဦးအေးသိန်း၏ လယ်မြေ၌ ဇွန်လ ၂၁ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်များ ပိုမိုတိုးတက်လာမှုအား အသေးစိတ် ရှင်းလင်းပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ပိုက်ဆံလျှော် မြေမြှုပ်ထည့်သွင်းခြင်းဖြင့် အဏုဇီဝပိုးများ ရှင်သန်ပေါက်ပွား၍ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို တိုးတက်လာမည် ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာမြေဆွေးပုံများကို တောင်သူများအနေဖြင့် ပြုလုပ်သုံးစွဲ၍ မိမိတို့လယ်မြေအတွင်း ထည့်သွင်းသင့်ကြောင်း တက်ရောက်လာသူများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက တောင်သူဦးအေးသိန်း၏ လယ်မြေ(၂)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်နေမှု အခြေနေအား ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)