ကျောင်းကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကျောင်းကုန်း  ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က "စာဖတ်ခြင်းအမွေ ပြည့်ဝခိုင်မာစေ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုင်းဝေလင်းနောင်က အားကစားအမျိုးအစား(၄)မျိုးရှိကြောင်း၊ လူရည်ချွန်ရွေးချယ်ပွဲတွင် ကျောင်းစာသာမက  အားကစားပါ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်စာပေများ၊ နံရံကပ်စာစောင်များ ပြသပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)