နေပြည်တော် ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်သင်တန်းအမှတ်စဉ် ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနေဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများကို ပေးအပ် ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် အခြေခံမီးသတ်သင်တန်းသို့ သင်တန်းသား ၅၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အသက်ကယ်ပညာ၊ Road Traffic Accident၊ Emergency Medical Service (EMS) နှင့် အခြေခံလက်နက်မဲ့စစ်ရေးပြသင်ခန်းစာများကို ဇွန် ၂၂ ရက်နေ့မှစ၍ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)