နေပြည်တော် ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၊ လယ်ဝေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စွာ၊ လယ်ဝေးခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းကျော်၊ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါက်တာ သဇင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့်သင်တန်းသားများ တက်ရောက်သည်။ ရှေးဦးစွာ နေပြည်တော်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟသင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသားများအား မီးသတ်ဝတ်စုံများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၅၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇွန် ၂၂ မှ ဇူလိုင် ၁၇ အထိဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)