ကန်ကြီးထောင့် ဩဂုတ် ၆
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေး ရွာအုပ်စုများ၌ (ပထမအကြိမ်)မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှစတင်ကပ်ထားကြေညာထားရှိပြီး ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ရှမ်းရွာကျေးရွာ၊ ဝဲကြီး၊ ပေပင်လေး၊ အစုကြီးကျေးရွာနှင့် ရေတွင်းကုန်းလေးကျေးရွာများရှိ သတ်မှတ်နေရာအသီးသီး၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့် အညီဆောင်ရွက်ထား ရှိမှုများ၊ မဲစာရင်းများ လာရောက်ကြည့်ရှုရန် အသိပေးနှိုးဆော်မှုများ၊ ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားမှု အခြေအနေများကို လိုက်လံကြည့် ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ခုနှင့် ကျေး ရွာအုပ်စု ၇၃ အုပ်စုတွင် မဲရုံပေါင်း ၁၃၉ ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူ ၁၂၈၃၀၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးမှ သိရသည်။
နန်းထိုက်(ပြန်/ဆက်)