ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေးနှိုးဆော်

 

ထန်တလန် ဇန်နဝါရီ ၂၂

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူ များက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ပြည်သူများ အလွယ်တကူ သိရှိလိုက်နာရမည့် အချက်များ၊ စျေးရောင်း၊ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အချက်များအား လိုက်နာဆောင်ရွက်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ နေ့စဉ် အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)