နောင်ချို ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ ပြုလုပ်ပေးခြင်းကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် ကျောင်းသား (၈၈) ဦး၊ ကျောင်းသူ (၁၁၅) ဦး စုစုပေါင်း (၂၀၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးရာသို့ ကျောက်မဲခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဝင်းနှင့် တာဝန်ရှိသူများ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်း၊ ဦးသီဟလှိုင်တို့က ကြည်ရှု့အားပေးခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်