နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

နတ်မောက် ဇွန် ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များပူးပေါင်း၍  စာရေးဆရာနန္ဒာသိန်းဇံရေးသားသည့် ခရောင်လမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာခင်၊ ဦးစီးအရာရှိက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းပြပြီး ဆရာနန္ဒာသိန်းဇံရဲ့ ခရောင်းလမ်းကိုဖြစ်ကျော် ခြင်းစာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးရာတွင် စိတ်ကောင်းစေတနာနဲ့ ကောင်းတာမွန်မြတ်တာတွေ မလုပ်ခဲ့မိ၊ တိုးတက်အောင်မြင်ဖို့အခြေအနေကောင်းတွေရခဲ့ပါလျက် တိုးတက်အောင်မြင်အောင် မလုပ်မိခဲ့၍ အချိန်လွန်အရွယ်လွန်ပြီး အခွင့်အခါကောင်းတွေ ဆုံးရှုံးခဲ့တာကြောင့် နောင်တများမရအောင် ကြိုးစားနိုင်တဲ့စိတ်ခွန်အား၊ ရုပ်ခွန်အားရှိတုန်းမှာ တိုးတက်အောင်မြင်အောင် ကြိုးစားသင့်ပါကြောင်း၊ လူ့ဘဝသက်တမ်းဟာ တကယ့်တော့တိုတောင်းလွန်းပါတယ် ၊တိုးတောင်းလှတဲ့ဘဝမှာ ရသင့် ရထိုက်တဲ့အခွင့်အခါကောင်းတွေကို  ဝီရိယရှိလျှင် လောက၌ အထမမြောက်နိုင် မအောင်မြင်နိုင်တာ ဟူသည်မရှိ ဒါကြောဂ့် အားမာန်တင်းပြီး ကြိုးစားရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာပေချစ်နိုးသူ၊ စာပေဝါသနာရှင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၃၇ဦး တက်ရောက်ခဲ့သည်။

မူမူစန်း