မိုးနဲမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးနဲ ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က မိုးနဲအထက်တန်းကျောင်းနှင့် မြို့မအလယ်တန်းကျောင်းရှိ ကျောင်းသား/ သူများအား ၂၀၂၆ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်အန္တရာယ် ပြည်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့၊ မူးယစ်ဆေးဝါး ဆိုသည်မှာ၊ မီးရှို့ဖျက်ဆီး၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက် များ၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေးအစရှိသည့် အကြောင်းအရာများပါရှိသော လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား/သူများအနေဖြင့် နေ့ကြီးရက်ကြီးများကို မှတ်မှတ်ထင်ထင်ရှိနေခြင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ပိုမိုနားလည်သဘောပေါက်လာခြင်း၊ အသိပညာများကို ပြန်လည်ဖလှယ်နိုင်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ သူလူငယ်လူရွယ်များ အသိပညာရရှိစေရန် ‌ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးလျက်ရှိပြီး ရုံးရှေ့မြေစိုက်ပြဘုတ်တွင်လည်း အများပြည်သူများ သိသင့်သိထိုက်သည့် ရာသီအလိုက် ဖြစ်ပွားတက်သော ရောဂါများအကြောင်း၊ သတိပြုရမည့်အချက်များ၊ လိုက်နာရမည့်အချက်များအား  ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို