တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်       ဇန်နဝါရီ       ၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၂၂)ဦးတို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး၊ စကောလမ်းရပ်ကွက်နေ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၅)ဦး၊ တီးတိန်မြို့နယ် အန်းလန်းကျေးရွာနေ အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦး၊ တီးတိန်မြို့နယ်၊ ဆွောင်းဖေကျေးရွာနေ အမျိုးသား(၁)ဦးနှင့် တီးတိန်မြို့နယ် လိုင်လိုးကျေးရွာနေ အမျိုးသား (၁)ဦးတို့ ဖြစ်ကြသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ လက်ရှိတွင် ပိုးတွေ့အတည် ပြုလူနာ အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး (၂၀)ဦးတို့ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)