မိတ္ထီလာ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့နယ်၌ မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေန်နှင့် ကျေးလက်ဒေသများနှင့် မြို့ပြဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းကျဉ်းမြောင်းလာစေရန် ကျေးလက်လမ်းတံတားနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ္ထီလာမြို့နယ်အတွင်းရှိ မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်ငွေ ၁၅၆ ဒသမ ၈၅၀ သန်းဖြင့် Golden Decades ကုမ္ပဏီမှ ဇွန် ၂၃ ရက်မှ စတင်၍ လမ်းအရှည် 0.402km အား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)တို့က ဇွန် ၂၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)