ကြံခင်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (သတင်းစကား) လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများက ခြေခံပညာအထက်တန်းကျောင်းများ၊ လူစည်းကားရာနေရာများနှင့် သင်တန်းခန်းမတို့၌ အစောင်ရေ ၄၀၀ အား ခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ကာ ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်၊ အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်စီး၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိူး၊ တန်ဖိုးရှိလှလူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ ကဗျာ၊ ကာတွန့်ပုံ၊ ကမ္ဘာ့ပြဿနာ မူးယစ်ဆေးတစ်ကမ္ဘာလုံးက တိုက်ဖျက်ပေးဆောင်ပုဒ်နှင့် အနာဂတ်များပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ဆောင်ပုဒ် စသည့်အကြောင်းအရာများ စုံလင်စွာ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ ဆက်)