နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား’’လက်ကမ်းစာစောင်များ ဖြန့်ဝေ

နမ့်စန်(ဇွန်-၂၃

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် “သတင်းစကား’’ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ တွင် ကျောင်းသားကျောင်းသူများကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင့်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အမှတ် (၂) ရပ်ကွက်ရှိ အထက (နမ့်စန်) နှင့် အမှတ် (၄) ရပ်ကွက်ရှိ အထက (မြို့မ) ကျောင်းများသို့ သွားရောက်၍ ဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို “သတင်းစကား’’လက်ကမ်းစာစောင် စုစုပေါင်းစောင်ရေ (၄၉၅) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအဓိပ္ပာယ် ၊ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှု ၊ မူးယစ်းဆေးဝါးအမျိုးအစားများ ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များစသည်တို့နှင့်ကဗျာဆရာမင်းသန်းနိုင်(မုဒုံ)၏ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်        ကဗျာနှင့် အသိပညာပေးကာတွန်းများ ပါဝင်ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)