အမာ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၂)နာရီခွဲ အချိန် ၂၀၂၆ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်တွင် မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းဆက်၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ ကဗျာဆရာ မင်းသန်းနိုင်(မုဒုံ)၏ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ ၂၀၂၅ ခုနှစ်၊ အပြည်ပြညဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်စီးခဲ့သည့် မူးယစ်ဆေးဝါး စာရင်းများ၊ မူးယစ်ဆေးဝါးအုပ်စု (၅)မျိုးအကြောင်း၊ တန်ဖိုးရှိလှလူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှနှင့် ပညာပေးကာတွန်းများ စသည့်အသိပညာပေးများ ထည့်သွင်းဖော်ပြပါရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)