ထားဝယ်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး 

ထားဝယ်     ဇွန်  ၂၃

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအားဆောင်ရွက်ပေးသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ဆောင်ရွက်‌ ပေးနေမှုအခြေအနေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးသန့်ဇင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီးကျောင်းသား/ကျောင်းသူများကို ရက်(၁၀၀) လမင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးသည်။

ထို့နောက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူ (၈၈)ဦးထံသို့ လက်ဝယ်အ‌ရောက်ပေးအပ်သည်။

အဆိုပါ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ UID ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးက ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်‌ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)