ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် Irrawaddy Green Towers Ltd တို့ပူးပေါင်း၍ (Covid-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

တာချီလိတ် ဩဂုတ် ၆

တာချီလိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် Irrawaddy Green Towers Ltd. တို့ ပူးပေါင်း၍ ကိုဗစ်-19 ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ကြ ကြောင်းသိရှိရသည်။

ထိုကဲ့သို့ ပေးအပ်လှူဒါန်းခြင်းကို တာချီလိတ်မြို့၊ မိုးကုတ်ရိပ်သာ(Quarantine Centre)၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယမန်နေ့ နံနက်ပိုင်းက ပေးအပ် လှူဒါန်းခြင်းဖြစ်ပြီး ဆက်လက်၍ အသိပညာပေး ဗီနိုင်းများ နံရံကပ်ပိုစတာများ ကပ်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြ သည်။

ပေးအပ်လှူဒါန်းပေးကြရာတွင် နှာခေါင်းစည်း Mask များ၊ လက်ဆေးဂျယ်ရီများ၊ လက်ဆေး ဆပ်ပြာများ ပါဝင်ပြီး ဆက်လက်၍ အခြားအသင်းအဖွဲ့များသို့ လှူဒါန်းပေးအပ်ရန် စီစဉ်ထားကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက်)