ပင်လောင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာ ထောက်ပံ့ပေးအပ်ခြင်း းအခမ်းအနားကျင်းပ

ပင်လောင်း ဇွန် ၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်းက အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက မျိုးစေ့ထုတ် စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်းနှင့်အဖွဲ့ဝင် ဥပဒေအရာရှိ ဒေါ်သော်တာလမင်းထွန်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ရဲမှူးဝင်းထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းအေးလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းတို့က ကျေးရွာကိုးရွာမှ စိုက်ပျိုးရေးတောင်သူများအား မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် စပါးမျိုးစေ့(၁၅၀)ကီလို၊ နေကြာမျိုးစေ့(၃၀)ကီလို၊ ကော်ဖီပျိုးပင်(၆၈၀၀)ပင်၊ ယူရီးယားမြေဩဇာ(၂၅)အိတ်၊ ကွန်ပေါင်းမြေဩဇာ(၂၅)အိတ်နှင့် စိုက်ပျိုးရေးသုံးကိရိယာ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်