တောင်သာ ဇွန် ၂၄
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ဘာသာရပ်တစ်ခုစီ၏ သင်ကြားရသည့် အကြောင်းအရင်း၊ ဗလငါတန်နှင့်ပြည့်စုံဖို့၊ လူရည်ချွန် ကလေးများဖြစ်စေဖို့၊ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ အသက်အရွယ်အလိုက် စာအုပ်များကိုရှာဖွေဖတ်ရှုကြစို့ စသည့်တို့အား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် နံရံကပ်ပြဘုတ်များပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး၊ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၈၂ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)