ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရင်းမှီးကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်

ပင်လောင်း ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဌာနဆိုင်ရာများမှ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရင်းမှီးကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေးက လူငယ်နှင့်အားကစားဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းမာက ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်သဥ္ဇာက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူစောက မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိလာမည့်ဆိုးကျိုးများနှင့် ဒုတိယဦးစီးမှူ ဦးဇော်မိုးဦးက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်ဓာတ်ပုံနှင့်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)