ကော့သောင်းမြို့၌ အ‌ခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာခြင်းဝိုင်းပြိုင်ပွဲများ ကျင်းပ

ကော့သောင်း ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းပသော အ‌ခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာခြင်းပြိုင်ပွဲများကို ဇွန် (၂၂) ရက်နေ့မှ စတင်၍  ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများ ကျင်းပရာတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အုပ်စု(က) အထက(၃)၊ မေတ္တာစိုး၊ ထ(ခွဲ)လ(၄) အသင်း၊ အုပ်စု(ခ) အထက(၂)၊ အထက(၁)၊ ထ(ခွဲ)လ(၂) အသင်းတို့က  ဇွန်(၂၂)နှင့် (၂၃)ရက်နေ့တို့တွင် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားလျက်ရှိပြီး အဆိုပါ အုပ်စုပြိုင်ပွဲများမှ တက်ရောက်ကြမည့်အသင်းများက ဆီမီးဖိုင်နယ်ပွဲစဉ်၊ ဗိုလ်လုပွဲစဉ်များကို ဇွန်လ(၂၄)ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ရိုးရာခြင်းပြိုင်ပွဲတွင် အထက(၂)၊ အထက(၁)၊ အထက(ခွဲ) အလက(၂)(က)၊ အထထ(ခွဲ)အလက(၂)(ခ)အသင်းတို့က ဇွန်(၂၃) ရက်နေ့တွင် ပထမအပိုင်း ခြေဖျား၊ ခြေခွင်၊ ဒူး(မျိုးတူ))၊ ဒုတိယအပိုင်း ခြေဖျား၊ ခြေခွင်၊ ဒူး(ဘယ်ညာတစ်စုံ)၊ တတိယအပိုင်း ခြေဖျား၊ ခြေခွင်၊ဒူး (မျိုးကွဲ)၊ စတုတ္ထအပိုင်း အခြေခံ ထိချက်(၆)ချက်အတွဲ (ခြေဖျား၊ခြေခွင်၊ဒူး၊ဖဝါး၊‌ဖနောင့်၊ဖမျက်) စသည့်ရိုးရာခြင်း ကစားနည်းများဖြင့် ဝိုင်းခြင်းယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်

ခရိုင် (ပြန်/ဆက်)