ဘိုကလေးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်အရ  နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ပြုလုပ်ပေး

ဘိုကလေး ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်၍ အသက်(၁၀)နှစ် ပြည့်မှီပြီးသည့် ကျောင်းသား/သူ(၇၀)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အောင်ထွန်းနှင့် ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်အရ One Stop Service ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ပြုလုပ်ပေးသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူး ဒေါ်ပြုံးပြုံးအောင်၊  မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ  တက်ရောက်ကြည့်ရှုအားပေး၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး၏ တာဝန်ရှိသူများနှင့်အတူ ကျောင်းသား/သူများ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ One Stop Service ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)