ဧရာဝတီတိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ်(၂၅) ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဟင်္သာတ       ဇွန်         ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် လူမူရေးဝန်ကြီး ဦးခင်မောင်ကြည်သည် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးသီဟ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀နာရီက ဟင်္သာတခရိုင်၊ဟင်္သာတမြို့ ၊ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်းမှ ပထမနှစ်သင်တန်းသား၊ သင်တန်းသူ(၇၀)ဦးတို့၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပထမနှစ်သင်တန်းသား၊ သင်တန်းသူများက အဖွင့်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်တာဝန်ရှိသူများမှ ပထမနှစ်သင်တန်းသား၊ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်များ အပ်နှင်းပေးခြင်း၊ ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန်ရွတ်ဆို၍ အဓိဌာန်ပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ပညာသင် နှစ်များအတွင်းဆောင်ရွက်မူမှတ်တမ်းတင် ဗီဒီယိုများပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ သင်တန်းများအလိုက် ထူးချွန်ဆုရရှိခဲ့ကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြု သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ သူနာပြုသားဖွားသင်တန်းသား၊သင်တန်းသူများက အမှတ်တရ စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးနှင့်ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာ ဦးသီဟတို့ဦးဆောင်၍ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးနှင့်ဆာကူရာပုဂ္ဂလိကဆေးရုံတို့တွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံအားပေး နှုတ်ဆက်ခဲ့ကြပြီး ဆေးရုံကြီးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေး၊ ကုသမူများ ပြည့်စုံလုံလောက်စွာဆောင်ရွက်နိုင်ရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၏ တင်ပြရှင်းလင်းချက်များအပေါ်လူမှုရေးဝန်ကြီးနှင့် တိုင်းကျန်းမာရေး ဦးစီးမှူးတို့က ပြန်လည် ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဟင်္သာတမြို့ နတ်မော်ကျေးရွာရှိ အခြေခံပညာဦးစီးဌာန စက်မူ၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ရောက်ရှိခဲ့ပြီးကျောင်းသား ကျောင်းသူများ၏ စာသင်ကြားနေမူများကို လိုက်လံကြည့်ရှုအားပေးကာ အဆိုပါကျောင်းခန်းမတွင် ပညာရေးဌာနတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)