လယ်ဝေး ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်အမျိုးသမီးကော်မတီအစည်းဝေးကျင်းပခဲ့သည်။
အစည်းအဝေးသို့ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဆွေ၊ လယ်ဝေးမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါက်တာသဇင်မြင့်၊ မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ လယ်ဝေးမြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက အမှာစကားပြောကြားသည်။ ဆက်လက်၍ အတွင်းရေးမှူးက အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသမီးများနှင့်အမျိုးသမီးငယ်လေးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် အမျိုးသမီးများအလုပ်လက်မဲ့လျော့နည်းပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးအသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းလုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။
ထို့နောက်တက်ရောက်လာကြသည့် လယ်ဝေးမြို့နယ် အမျိုးသမီးကော်မတီဝင်များက အထွေထွေဆွေးနွေးကာ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဆွေက သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)