ကျောင်းကုန်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းတွင် ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်းရှိ လူသန့်ချောင်ကျေးရွာ၊ရွှေပန်းငူကျေးရွာ၊ ကျုံဖားရိုးကျေးရွာ၊ ဆိပ်ဖူးနီကျေးရွာအုပ်စု ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ်မဲဆန္ဒရှင်များ၏ အမည်စာရင်းများ ကပ်ထား ကြေညာထားရှိမှု အခြေအနေ၊ ပြည်သူများ လာရောက်ကြည့်ရှမှုအခြေအနေ၊ မဲစာရင်းတွင် သတ်မှတ်ချက် အတိုင်း ဆောင်ရွက်ထားမှု အခြေအနေများကို ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)