နေပြည်တော် ဇွန် ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေပေးဝေရေးအတွက် ချောင်းမကြီးဆည်မှ ပုဗ္ဗသီရိမြို့နယ်သို့ ရေကူးသည့် ပိုက်လိုင်းကို OD - 450mm HDPE ပိုက်ပေ ၉၀၀၀ အစားထိုး သွယ်တန်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတစ်ဆင့် တစ်ရက်ရေဂါလံ ခြောက်သန်းရယူဖြန့်ဝေပေးမည့် ဓနသိဒ္ဓိရေစက်ရုံတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို မှာကြားခဲ့ကြောင်းသိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)