ဒက္ခိဏသီရိမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

နေပြည်တော် ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သဉ္ဇာနွယ်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာသင်းက အခွန်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အခွန်အမျိုးအစားများနှင့်စပ်လျဥ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သဉ္ဇာနွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာသင်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)