နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၆၃)၊ အလျင်လိုအရှေ့ကွင်း ဦးပိုင်အမှတ်(၂၂/၁)၊ မြေဧရိယာ ၀.၅၀ ဧကရှိ တောင်သူဒေါ်ခင်ဝင်း၏ လယ်မြေတွင် စိုက်ပျိုးထားသည့် နွေစပါး GW-11 စပါးမျိုးအား ရိတ်သိမ်းခြင်းနည်းလမ်းသစ်ဖြင့် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင်ဆောင်ရွက်ရာ မြို့နယ်စံကွက်ရိတ်သိမ်းရေးအဖွဲ့နှင့်အတူ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ ပါဝင်ဆောင်ရွက်ခဲ့ရာ အထွက်နှုန်းအနေဖြင့် အစို ၁၄၈ ဒဿမ ၃၉ တင်း၊ အခြောက် ၁၃၈ ဒဿမ ၀၈ တင်းထွက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)