တပ်ကုန်းမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေး

တပ်ကုန်း ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အခွန်ဦးစီးဌာနမှူးရုံးက အခွန်ပညာပေးဆွေးနွေးပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက အမှာစကားပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာသင်းက အခွန်နှင့်ပတ်သက်၍ သိရှိရမည့် ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေများ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်မျိုးကို ရှင်းလင်းဆွေးနွေးပြီး၊ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်