လယ်ဝေးမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေး

လယ်ဝေး ဇွန် ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် လယ်ဝေးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ အခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သဉ္ဇာနွယ်က အခွန်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အခွန်အမျိုးအစားများနှင့်စပ်လျဥ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သဉ္ဇာနွယ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာသင်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)