ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ  ကွင်းဆင်းစစ်ဆေး

ကလော    ဇွန်   ၂၈

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်းရှိ ကျေးလက်ဒေသလမ်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ဇွန် ၂၇ ရက်က ကျေးလက်လမ်းဆောင်ရွက်မည့်နေရာများအား တာဝန်ရှိသူများကွင်း ဆင်းကြည့်ရှုစစ်ဆေးသည်။

ရှမ်းပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ညွန်ကြားရေးမှူး(မြို့ပြ)ဦးမင်းဆွေ၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းကိုကိုဦး နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးအရာရှိ (မြို့ပြ)ဒေါ်သန္တာဝင်းတို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်  ပြည်ထောင်စု /ပြည်နယ်ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်မည့် ဘော်နင်းရွာသစ်-နတ်တော်-မြင်းတွင်း-ဝါးကြီးမြောင်လမ်း ကတ္တရာခင်းခြင်း၊ မြင်းတွင်း-ချောင်းနီပေါက်လမ်း ကျောက်လမ်းခင်းခြင်း၊မြက်ဆက်တောင်-ကျောက်တံခါးလမ်း ကျောက်လမ်းခင်းခြင်း လုပ်ငန်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)