ပျဉ်းမနားမြို့နယ်၌  ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦးထွက်ပေါ် 

ပျဉ်းမနား  ဇွန် ၂၈

၂၀၂၅ - ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီက ထုတ်ပြန်ကြေညာရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အနေဖြင့် အောင်ချက်  ၅၆ ဒသမ ၃၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်းသိရသည်။

ပျဉ်းမနားမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၂၆၁၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ငါးဘာ သာဂုဏ်ထူးရှင် ၂၉ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၆၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆၆ ဦး၊ စုစုပေါင်း ၃၉၂ ဦး တို့သည် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြပြီး၊ ရိုးရိုးအောင်မြင်သူ ၁၀၈၁ ဦး၊ စုစုပေါင်းအောင်မြင်သူ ၅၆၃၇ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)