ပန်းတနော် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ ဇွန် ၂၈ ရက် နံနက်(၆)အချိန်မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားပြီး၊ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပန်းတနော်မြို့နယ်မှ ဝင်ရောက်ဖြေဆိုသူကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၂၄၅)ဦးရှိရာ ဂုဏ်ထူးဖြင့်အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ (၃)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၉)ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး၊ အောင်မြင်သူစုစုပေါင်း(၄၁၆)ဦး အောင်မြင်ကြောင်းနှင့် အောင်မြင်မှု ရာနှုန်း(၃၃ ဒသမ ၄၁) ရာနှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)