ဇမ္ဗူသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အောင်မြင်

ဇမ္ဗူသီရိ ဇွန် ၂၈

၂၀၂၅ - ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း များကို ယနေ့ နံနက် ၆ နာရီ က ထုတ်ပြန်ကြေညာရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ၅၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၄၄ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီးခြောက်ဘာသာဂုဏ်ထူးရှင် ၁၀ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ လေးဘာသာဂုဏ်ထူးရှင်၂၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်၉၁ ဦး၊ စုစုပေါင်း ၂၀၆ ဦးဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ ရိုးရိုးအောင်မြင်သူ ၅၆၇ ဦး၊ စုစုပေါင်း အောင်မြင်သူ ၇၇‌၃ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)