မြန်အောင်၌ သဘာဝရေပြင်(ဧရာဝတီမြစ်) အတွင်းသို့ ငါးသားပေါက်ကောင်ရေနှစ်သိန်း ငါးမျိုး စိုက်ထည့်

မြန်အောင် ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေနှစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားအနီး ဧရာဝတီသင်္ဘောဆိပ်တွင် ကျင်းပပြုလုပ်သည်။

ငါးသယံဇာတများစဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင်(ဧရာဝတီမြစ်) အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေတစ်သိန်း၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ တစ်သိန်း စုစုပေါင်း ငါးသားပေါက် ကောင်ရေနှစ်သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြန်‌အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကြီးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြန်‌အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်၍ ဧရာဝတီမြစ် အတွင်းငါးမျိုးများ စိုက်ထည့်ခဲ့ကြသည်။

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)