ညောင်တုန်းမြို့နယ် ပညာရေး‌ငွေစုငွေချေးသမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ညောင်တုန်း ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပညာရေး‌ငွေစုငွေချေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိ မြို့နယ်ပညာရေး‌ငွေစုငွေချေးသမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က အသင်းသည် ပညာရေးဝန်ထမ်းများအတွက် အထောက်အကူပြုနေသည့် အသင်းဖြစ်ပါကြောင်းနှင့် ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွား‌ စေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမင်း‌ဆွေက မြို့နယ်သမဝါယမဦးစီးဌာန၏ လုပ်ဆောင်ရွက်မှုများနှင့် အသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပညာရေး‌ငွေစုငွေချေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ငွေစာရင်းလက်ကျန် ရှင်းတမ်းနှင့် အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာတို့အား အသင်းအမှု‌ဆောင်များက ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်တို့ထံမှ အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ခုနှစ်၊ မတ်လအထိ စုဆောင်းငွေအများဆုံး အသင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်‌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)